ချစ်ခင်သူများ၊ သေဆုံးသွားရာ၊ ချိန်အခါ၌
မသာပို့ရန်၊ မြေသုသာန်သို့၊ လာပို့ကြရှာ၊
လူများစွာတို့၊ မသာတစ်ခေါက်၊ ကျောင်းဆယ်ခေါက်ဆို၊
စကားကိုပင်၊ မဆင်ခြင်ဘဲ၊
မြင်မြင်သမျှ၊ ခင်မင်ကြသည့်၊
မတွေ့ရကြာ၊ လူများစွာနှင့်၊
စိတ်ပါလက်ပါ၊ ပျော်စရာကောင်း၊
ရှေးဟောင်းနှောင်းဖြစ်၊ အသစ်ထပ်ဖော်၊
ပျော်ပျော်စရာ၊ လော်မာစကား၊ အစားစားကို၊
အားပါးတရ၊ ပြောနေကြသည်၊
အာဂလူတွေပါတကား။
(ဓမ္မကင်းသူတွေပါတကား။)
No comments:
Post a Comment