သေမင်းခန္ဓာ ပျူပျူငှာကို
သူငါသမုတ် ကျွေးမွေးသုတ်သင်
အသင် သူတော်စင်သည်
သေလွန်သောအခါ
သံသရာမှာ ရိက္ခာထုပ်နှင့်
မယုတ်တူလှစွာသော
ဒါန သီလ သမထ ဝိပဿနာ
ကုသိုလ်ကောင်းမှုအဖြာဖြာကို
သေမင်းအရှင် မခေါ်ခင်က
စိတ်ရွှင်ကိုယ်လန်း
ခန္ဓာစွမ်း၍
ကျမ်းကျမ်းမာမာ ရှေးဦးစွာကသာလျှင်
လှူဒါန်းတစ်ဖြာ၊ ဆောက်တည်ကာဖြင့်
မှန်စွာရှုပွား အားထုတ်သောအားဖြင့်
ဒါန သီလ ဘာဝနာ ကုသိုလ်အလုပ်တွေကို
ကြိုးစား၍ ပြုလုပ်သင့်ပါပေ၏။
မသေခင် ကုသိုလ်လုပ်ပါ။ ခန္ဓာကိုယ်ကြီး ရထားတယ်။ ဒီခန္ဓာကိုယ်ကြီးက တကယ်တမ်း ကိုယ်ပိုင်တယ်ဆိုရင် မသေအောင် လုပ်မှာပေါ့။ သေသွားတယ်ဆိုတာ ကိုယ်ပိုင်တာလား၊ သေမင်းပိုင်တာလားဆိုတာ စဉ်းစားဖို့ပါ။
သေမင်းက အချိန်မရွေး ခေါ်မှာပါပဲ။ ကိုယ့် ခန္ဓာကိုယ် မဟုတ်ပါဘူး။ သေမင်းခန္ဓာတဲ့။
ဒီခန္ဓာကိုယ်ကြီးက သေမင်းဆီက ခဏငှားထားတာတဲ့။
ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ (အရှုံးထဲကအမြတ်)
No comments:
Post a Comment