လောကမှာ လူတစ်ဦးတစ်ယောက်က နိုင်ထက်စီးနင်းနဲ့ ရွှေဆယ်ပိဿပေးမလား၊ မင်းလက်သန်း ဖြတ်ပေးမလား၊ လက်ကောက်ဝတ်ကဖြတ်ပေးမလား၊ လက်မောင်းကဖြတ်ပေးမလား မေးလာရင် ဘယ်သူမှ ဖြတ်ပေးကြမှာ မဟုတ်ပါဘူး။ ရွှေဆယ်ပိဿကိုပဲ ရှာကြံပြီးပေးကြမှာပါ။
အဲဒီလိုနဲ့ တစ်ယောက်ယောက်ကလာပြီး မင်းလက်ဖြတ်ပေးမလား၊ မျက်လုံးအဖောက်ခံမလား၊ ဒါမှမဟုတ် မင်းအသက် အသေခံမလားဆိုရင် ဘယ်သူမှ အသက်အသေ မခံချင်ကြပါဘူး။ လက်ကိုဖြတ်ပေးကြမှာပါပဲ။
မင်းလက် အဖြတ်ခံမလား၊ မင်း အဘိုး အသေခံမလား။
မင်းလက် အဖြတ်ခံမလား၊ မင်းအဖေ အသေခံမလား။
မင်းလက် အဖြတ်ခံမလား၊ မင်းဦးလေး အသေခံမလားလို့ မေးလားရင် ဘယ်လိုမှ အဘိုးလည်း အသေမခံနိုင်ပါဘူး၊ အဖေလည်း အသေမခံနိုင်ပါဘူး၊ ဦးလေးလဲ အသေမခံနိုင်ပါဘူး၊ လက်ကိုသာ အဖြတ်ခံလိုက်မှာပေါ့။
ဘာဖြစ်လို့ ဒီစကားတွေကို ပြောရသလဲဆိုရင် လူတွေမှာ သတ်မှတ်ပြီး တန်ဖိုးကြီးတယ်လို့ နားလည်ထားတဲ့ တန်ဖိုးကြီးတာကို အဆုံးအရှုံး မခံနိုင်ကြပါဘူး။
တန်ဖိုးနည်းတာတွေ ဘယ်လောက် ဆုံးရှုံး ဆုံးရှုံး အဆုံးရှုံးခံနိုင်ကြပါတယ်။
တကယ်ပြောရင် ဘယ်သူမှ တားမရဘဲ သတ္တဝါတွေကို နိုင်ထက်ကလူနဲ့ ကြိုက်သလို လုပ်ပြီး လူတွေကို တွန်းခေါ်သွားတာက သေမင်း ဖြစ်ပါတယ်။ သေမင်းကို ဘာနဲ့မှ လဲလို့ မရပါဘူး၊ အသက်မဆုံးရှုံးအောင် ငွေကြေး အပါအဝင် တတ်နိုင်သမျှ ဖြည့်ဆည်း ပေးဆပ်မှုတွေနဲ့ လဲခဲ့တာပါပဲ။ မရပါဘူး။
တကယ်ပြောရရင် လောကမှာ အရှုံးတကာ့ အရှုံးထဲမှာ အသက်ဆုံးရှုံးတာဟာ အရှုံးဆုံးပဲ။
ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ (အရှုံးထဲကအမြတ်)
No comments:
Post a Comment